Saturday 24 September 2011

တိတ်တိတ်လေးချစ်ပြမယ်....

အချစ်စစ်တိုက်ပွဲ တစ်ခုမှာ
အနိုင်ရဖို့ အတွက်ငါနှလုံးသားခံတပ်ကို
 အခိုင်မာတည်ဆောက်ထားသော်လည်း
အမုန်းမျက်ဝန်းတစုံ ချိုသာတဲ့ စကားတလုံးမျက်ရည်ဓါးသွားအောက်
ငါနှလုံးသားအကြိမ်ကြိမ် ဒူးထောက်အရှုံးပေးခဲ့ ရတယ်..........

သတိရတယ်ဆိုတဲ့  ရင်ထဲကမပါတဲ့ စကားတခွန်းနဲ့ 
ငါ့ကိုနှစ်သိမ့်ပြီး ငါ့နှလုံးသားကို အသေကိုင်ရိုက်တယ်
မသေမရှင်ဖြစ်နေတဲ့  ငါ့နှလုံးသားက နောက်ဆုံး
နင့်ဓါတ်ပုံလေး ကြည့်ချင်တယ်ဆိုတာတောင်ခါးခါးသီးသီးငြင်းဆန်ခဲ့ တယ်

တော်ပါတော့ကောင်မလေးရယ်
အဲလောက်နဲ့ ပဲကျေနပ်ပါတော့
ငါလည်းဒီထက်ပိုပြီးခံနိုင်ရည်မရှိတော့ဘူး
ငါပြစ်လိုက်တဲ့  အချစ်ရဲ့မြှားတစင်းက
နင့်ဆီမရောက်ခင် အဆိပ်တွေလူပြီးငါ့ရင်ကိုပြန်စိုက်တယ်...........

ငါရှောင်တိမ်းနိုင်ပါတယ်
ဒါပေမယ့် နင်ပြန်လွတ်နိုင်တဲ့  မြှားတစင်းဖြစ်တဲ့ အတွက်
ငါ့ရင်တွေဖွင့် မျက်လုံးစုံမိတ်ပြီး ငါ့ရင်ကိုစူးစိုက်ခံလိုက်တယ်
နင်ပျော်ဖို့ နဲ့  နင်ကျေနပ်ဖို့ အတွက်တခုတည်းပါ....................

ဟုတ်ပါတယ် ငါ့ဘဝကအရည်အချင်းမရှိတဲ့ ကောင်
နင်စွပ်စွဲသလို ပညာမဲ့ တဲ့ ကောင်
နင်ဘဝရဲ့ လက်တွဲဖော်ကို ပညာတတ်တွေမှရွေးချယ်မယ်ဆိုရင်
ငါ့ခြေဦးတွေ နောက်ပြန်လှည့် လာလိုက်တော့မယ်
ပြီးတော့ ငါ့နှလုံးသားလည်း အထက်အောက်ပြောင်းပြန်ခုန်နေတယ်
ရင်နာမိပါတယ် ငါ့ဘဝကနင်မက်မောစရာဘာမှမရှိပါဘူ
နင်အထင်ကြီးလောက်အောင်လည်း ဘာမှ လုပ်မပြနိုင်ဘူး
ပြီးတော့ အသက်မဲ့ တဲ့ ဓါတ်ပုံလေးတောင် ငါနဲ့ မထိုက်တန်တော့ဘူးတဲ့ လား................

တခါတလေနင့်စကားတွေက
ငါရဲ့ မရှိတဲ့မာန နဲ့ သိက္ခာလေးတွေစုပ်ပြတ်သက်သွားစေတယ်
အခြေမြစ်မရှိတဲ့  စကားတွေနဲ့  ငါ့ကိုလာပြီးခြောက်လှန်မနေပါနဲ့ တော့
မုန်းမယ်ဆိုလည်းမုန်းလိုက်ပါ အခံရခက်အောင်မလုပ်ပါနဲ့ 
နင့်ကိုချစ်မိတဲ့  ငါ့နှလုံးသားတနေရာမှာတော့
 နင့်နာမည်တွေ ဝေ ဆာစွာနဲ့ ကျန်ခဲ့ မှာပါ
အဲဒါနင်သိအောင် ငါတိတ်တိတ်လေးချစ်ပြခဲ့ တာလေ...။                    
                                                                                

                                               ဖိုးခွားလေး (ကော့မူးမြို့ )

No comments:

Post a Comment