နေ့ ရက်တီတေ သံသာရှည်မှာ
ရော်ဝါလိုရင့် မကွယ်လင့်ခင်
ရင်ထဲရှိသမျှ ဖြစ်ခွင့်ရရင်
ခဏဖြစ်ဖြစ် တွေ့ချင်မိတယ်။
ငယ်တုန်းကလို ကိုယ်စီကြည့်ရင်း
လက်ချင်းတွဲကာ............
တီတာစကား နှလုံးသားဖြင့်
နာကြားခွင့်ကို
ပြန်ရမယ်ဆို လိုချင်ပါတယ်.....။
၂။
ကြာပါပြီလေ
မြေနှင့်မိုးနံ့ သင်းပျံ့ထုံသော
ကြွေရွက်တောကြား ထားရစ်ခဲ့ရက်
အိမ်မက်ဦးကို...............
ရူးတယ်ဆိုဆို
မေ့လိုချင်လျက် အမေ့ခက်သည်......။
၃။
နက်ဖြန်မတွေး....
ကြုံတဲ့ကာလ ခဏလေးမှာ
နေသာသလို ပိုပိုတိုးရစ်
ဆက်ပြီးချစ်ရင်း.....
ဝေးခြင်းနီးခြင်း ပိုင်ဆိုင်ခြင်းဟာ
ကံချည်းသာပင် စိတ်မှာထင်မိ.............။
(၁၈-၀၉-၂၀၁၁)ရဲ့ခံစားမိခဲ့တဲ့ဝေဒနာ.....
No comments:
Post a Comment