Wednesday 28 September 2011

လက်ကိုင်ပုဝါ

မျက်ရည်နှစ်စ
လွမ်းခွဲခါစတုန်းက
ကျွမ်းအသည်းမြေမှာခ ခဲ့ ရတယ်
အဝေးတနေရာမှာ  "မောင်  လေ
ဝေဒနာတွေ ဖြေသာအောင်လို့ တဲ့ 
အမှတ်တမဲ့ မဟုတ်ပဲ အမှတ်တရလေးပဲ
" မေ့ ရဲ့ လက်ကိုင်ပဝါဖြူလေး အရေးတကြီးလှမ်းပေးခဲ့ တယ်.............

မေ'သစ္စာနဲ့   မေ' မေတ္တာတွေ
တနေ့တရက်မှ မေ့မရအောင်
မောင့်အတွက် အမှတ်တရ မေ ' တဲ့ 
လက်ကိုင်ပဝါလေးမှာ မေ့မျက်ရည်
 မေ့လက်ရေးနဲ့  မေ ကိုယ်တိုင်ရေးပေးခဲ့ တယ်...............................

အခုတော့ မေ ရယ်
မောင့်ရည်နဲ့  မေ့ မျက်ရည်
ပေါင်းစုံစည်းရာ လက်ကိုင်ပဝါလေးဖြစ်ခဲ့ ပါပြီ
မေ ရဲ့ လက်ကိုင်ပဝါလေးက
မောင့်ရဲ့ မျက်တွေသုတ်ဖို့ ပေးလိုက်တာများလား  မေ  ရယ်..............

မေ ရဲ့ လက်ကိုင်ပဝါလေးမှာ
မောင့် ရဲ့ မျက်ရည်တွေ ရွှဲလို့ နေပါပြီ မေ
မြင်လှည့်ပါမေ မောင့်မျက်ရည်နဲ့  မောင့်အသည်း
မေ့ရဲ့  လက်ကိုင်ပဝါဖြူးလေးပေါ်မှာ တခါတည်း ကြွေကျခဲ့ ပါပြီ
ချစ်လာတာလည်း နှစ်တွေကြာပြီအခုတော့ ပစ်ခွာသွားရက်တယ်
သြော်.......ဘာလိုလိုနဲ့  မနက်ဖြန်ဆိုရင် မေ ရဲ့ စေ့စပ်ပွဲကျင်းပတော့မယ်
ဒီဘဝအတွက်တော့ ဝေးခဲ့ ရလို့  ဆွေးရပြီပေါ့ မေ ရယ်
သြော်....သြော်  ...ရေမြေခြားဝေးကြတဲ့ အချစ်တွေကနောက်ဆုံးတော့ဒီလိုပဲဇာတ်သိမ်းကြတာလား.................?



ဖိုးခွားလေး  ( ကော့မူးမြို့ )  မောင်မျိုးမင်းအတွက်ခံစားပေးတာပါဗျာ။

No comments:

Post a Comment