Saturday 24 September 2011

ဘယ်ကိုမှထွက်မသွားပါနဲ့ 

ငါ့ဘဝတခုလုံးကို အပိုင်ချုပ်
ငါ့နှလုံးသားကို မသေမရှင်ရိုက်ပြီး
နင်ကအဝေးကို ထွက်သွားချင်နေတာလား?
ဘာလဲ ငါကရိုးသားနေလို့ လားစိတ်ကုန်နေတာလား?
ဒါမှမဟုတ်အသစ်တွေ့ နေလို့ လား ။....

နှစ်တွေအကြာကြီးအပြစ်တွေမရှာပဲချစ်လာခဲ့ပြီးမှ
အခုနင်က နင့်အချစ်တွေပြန်ရုပ်သိမ်းချင်လို့ လား?
မရတော့ဘူးနော်ချစ်သူ............
ငါ့နှလုံးသားက အဝင်ပဲရှိတယ်အထွက်မရှိဘူး။
ပြီးတော့နင့်တယောက်တည်းကိုပဲဝင်ခွင့်ပြုထားတာပါ။
နောက်ရက်တွေကမရေရာဘူးဆိုပေမယ့်
သေချာတာတခုက ငါနင့်ကိုဘယ်တော့မှလမ်းခွဲမှာမဟုတ်ဘူး........။

ငါလည်းဝမ်းနည်းမဲ့ စကားမပြောသလို
နင်လည်းအသည်းခွဲဖို့  မစဉ်းစားပါနဲ့ 
ငါ့ရင်ကိုစုန်ကန်ဖို့ လည်း မစဉ်းစားပါနဲ ။့
တနေ့ တရက်လေးတောင်  မေ့ဖို့ ခက်နေရင်
နောင်ရက်ပေါင်းများစွာဆိုရင် စဉ်းစားသာကြည့်ပါတော့ချစ်သူ
ငါနင့်ကိုဘယ်လိုခွဲနိုင်မှာလဲ..............။

နှစ်တွေကြာပြီဆိုတဲ့ သံယောဇဉ်တွေထဲမှာ
အချစ်တွေဝေဆာနေတဲ့  ငါ့ရင်ခွင်ထဲမှာပဲတသက်လုံးနေပေးပါ
ပြောနေကြ စကားလေးဆိုပေမယ့်ထပ်ပြောဦးမယ်
ငါ့ရင်ထဲမှာနင့်ကို   ..................  

အရိုးသားဆုံး    အဖြူစင်ဆုံး  အမှန်ကန်ဆုံး
အသေချာဆုံးနဲ့ ဘယ်တော့မှပြောင်းလဲမသွားတော့မယ့်စကားတခွန်း
အဲဒါကနင့်ကို ငါသိပ်ချစ်တယ် ဖြူစင်စွာနဲ့ မြတ်နိုးမိခဲ့ တာပါ ။ 

                                                                                                                 

ဖိုးခွားလေး  ( ကော့မူးမြို့ )  မောင်မျိုးမင်းအတွက်ခံစားပေးတာပါဗျာ

No comments:

Post a Comment